လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာ(၂)ရွာတွင် ပျက်စီးခဲ့သော နေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၄၀၀၀၀/-)ကျပ် နှင့် အိမ်ထောင်စု(၇)စုမှ လူဦးရေ(၂၈)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စားဖိုးထောက်ပံ့ငွေ (၅၈၈၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၆၉၈၈၀၀/-)ကျပ်အား နမ့်ခမ်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တာဝန်ရှိသူမှတဆင့် ဘေးသင့်ပြည်သူ လက်ဝယ်သို့ (၁၆-၅-၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_ sgw
#shn_may2020