လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒီပဲယင်းမြို့နယ်အတွင်း ဆည်ကြီးတော ကျေးရွာနှင့် မှန်သာကျေးရွာတို့၌ (၁၅-၅-၂၀၂၀) ရက်နေ့ (၀၃:၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုတ်ခတ်မှုကြောင့် ပြိုကျနေအိမ် (၁) လုံးနှင့် အမိုးအကာပျက်စီးနေအိမ် (၃) လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၈၀,၀၀၀/-) ကျပ်နှင့် အိမ်ထောင်စု (၄) စုမှ လူဦးရေ (၂၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၈,၃၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၂၈,၃ဝဝ/-) ကျပ်တို့အား (၁၅-၅-၂၀၂၀) ရက်နေ့ (၁၇:၀၀) နာရီအချိန်တွင် ဘေးသင့်ဒေသသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_may2020
Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)