COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့် အတူပူးပေါင်း၍ (၁၅-၅-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ(၁၂:၀၀)နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ဒွန်းတဘက်ကျေးရွာအုပ်စုအတွင်းရှိ ဝဲစုကျေးရွာ၊ မြဂိုးစုကျေးရွာ၊ ဒွန်းတဘက်ရွာမကျေးရွာနှင့် မြွေပေါက်ကျေးရွာများတွင်  Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များအား အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်း၍ Hand Speaker ၊ Loud Speaker များဖြင့် လှည့်လှည်၍ အသိပညာပေးလုပ်ဆောင်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#ayy _may2020

Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events