လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ နွားခြံကျေးရွာအုပ်စုရှိ ဆွမ်းချက်အင်းကျေးရွာ၊ သဲဖြူကျေးရွာ၊ ပိန်းအင်းကျေးရွာများ၊ စာဖြူစုကျေးရွာ၊ နွားခြံကုန်းကျေးရွာ၊ ပေကုန်းကျေးရွာ၊ မပေါက်ပင်ကွင်းကျေးရွာများအတွင်းရှိ ပြည်သူများအား Covid- 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်/ရှောင်ရန် အချက်အလက်များကို ပြည်သူများ အလွယ်တကူသိရှိလိုက်နာနိုင်ရေးအတွက် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy _may2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)