လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့ ၊ (၁၀:၀၀) အချိန်မှ (၁၅:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ကျည်တောင်ကန်ရပ်ကွက်(၁၊၂၊၃၊၄၊၅၊၆) ရပ်ကွက်များနှင့် နဝဒေးရပ်ကွက်၊ ဆင်ဖြူရှင်ရပ်ကွက်၊ ရတနာဒီပရပ်ကွက်၊ သုခဒီပရပ်ကွက်၊ ဝဏ္ဏဒီပရပ်ကွက်၊ မင်္ဂလာဒီပရပ်ကွက်၊ ဇေယျာဒီပရပ်ကွက်၊ အောင်သာယာရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်များ ရှိပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#npw_may2020