လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) အချိန်မှ (၁၂:၀၀)အချိန်ထိ သံတောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော မိုင်းလွန် (ထက်) ကျေးရွာ၊ မိုင်းလွန်(အောက်)ကျေးရွာ၊ ငပိုးကြီးကျေးရွာ၊ ပုတ်သင်ကျေးရွာ၊ အီးအယ်ကျေးရွာများသို့ အသံချဲ့စက်ဖြင့့် COVID-19 ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#krn_may2020
Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)