လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မလှိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မလှိုင်မြို့နယ်အတွင်း (၁၂-၅-၂၀၂၀) ရက်နေ့နှင့် (၁၃-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားသော လေဘေးကြောင့် ဘေးသင့် အမိုးလန်ပျက်စီး လူနေအိမ် (၃) လုံး၊ ပြိုကျပျက်စီးလူနေအိမ်(၁)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်းထောက်ပံ့ငွေ (၄၈၉,၃၅၃/-) ကျပ်တို့အား (၁၄-၅-၂၀၂၀) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mdy_may2020
Source: မလှိုင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)