လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၄-၅-၂၀၂၀) ရက်နေ့တွင် ကံဦးကျေးရွာအုပ်စုရှိ မြန်အောင်စုကျေးရွာ၊ သုံးဆက်ကျေးရွာ၊ ကံဦးကျေးရွာ၊ ဇေယျကျေးရွာနှင့် ရှမ်းခေါင်းဗြဲအုပ်စုရှိ ရွှေညောင်ပင် အနောက်ကျေးရွာ၊ ရွှေညောင်ပင်အရှေ့ကျေးရွာများအတွင်းရှိ ပြည်သူများအား Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေးဆောင်ရန်ရှောင်ရန်အချက်များကို အလွယ်တကူသိရှိလိုက်နာနိုင်ရေး အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_may2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)