
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့ (၁၀:၀၀) အချိန်မှစတင်၍ (၁၇:၃၀) အချိန်ထိ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျားတက်ကျေးရွာ၊ မြေဇွန်းကျေးရွာ၊ ဆုံတားကျေးရွာအိုးဘိုကျေးရွာ၊ ပန်းတိမ်ဆော်ကျေးရွာ၊ ကန်နီကျေးရွာကျွန်းဖိုပင်ကျေးရွာ၊ သနပ်မျှောင်ကျေးရွာ၊ ကံကြီးကျေးရွာ၊ စူဠကျေးရွာ၊ ပန်းထူးကျေးရွာနီပါးတန်းကျေးရွာ၊ ရေဝင်ကျေးရွာ၊ ပျော်ဘွယ်ကျေးရွာညောင်ပင်တိုကျေးရွာ၊ မိုးကြိုးပြင် (တ) ကျေးရွာ၊ မိုးကြိုးပြင် (မ) ကျေးရွာ၊ မိုးကြိုးပြင် (လယ်) ကျေးရွာစုစုပေါင်း ကျေးရွာ(၁၆)ရွာအား အသံချဲ့စက်ဖြင့် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်စေရန်နှင့် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရန် အချက်များအား ယင်းမာပင်မြို့နယ် လူမှုကူညီရေးကွန်ယက်နှင့်အတူ လိုက်လံအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေး အပ်ခဲ့ပါကြောင်း သိရှိရပါသည်။
Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#sgg_may2020