ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ IDP စခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများတွင် COVID-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

မေလ၁၄ရက်၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအားCOVID – 19 ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ မော်ဖောင်းခါနန်နှစ်ခြင်း၊ မော်ဖောင်း လော်ဝေါနှစ်ခြင်း၊ နန်းကွေ့စိန့်ယောဟန်၊ ပလနကက်သလစ်လူငယ်ဗဟိုကျောင်း IDP စခန်းများနှင့်  မိုးညှင်းမြို့နယ်ရှိ နန့်မွန်းနှစ်ခြင်းဘုရားကျောင်း IDP စခန်း စုစုပေါင်း IDP စခန်း(၅)ခုနှင့် မြစ်ကြီးနားမြို့နယ်ရှိ နောင်နန်းတြီနတီနှင့် နောင်နန်းဂျော်မဆပ်ယာယီ တိုက်ပွဲရှောင် စုရပ်(၂)နေရာသို့ သွားရောက်၍ လက်သန့်ဆေးရည်(၁၀၅၄)ဗူး၊ ဆပ်ပြာ(၄၂၁၇)ခဲ၊အပူချိန်တိုင်းကိရိယာ(၆)ခုတို့အား ထောက်ပံ့ ခဲ့ပါသည်။

အလားတူ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိအေးလင်းမြတ်ရှင်နှင့် မြတ်ပန်းဝတ်မှုံ IDP စခန်း(၂)သို့ သွားရောက်၍ဆပ်ပြာ (၅၂၈၁) ခဲနှင့် အပူချိန်းတိုင်းကိရိယာ (၂)ခုတို့အား ထောက်ပံ့ခဲ့ပါသည်။

ဆက်လက်ပြီးရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိအုန်းတောရှည်၊ အုန်းတောကြီးတောင်၊ အုန်းတော ကြီးမြောက်၊ ဆေးသမားကြီး၊ ဘောဒူဖ(၁)၊ ဘောဒူဖ(၂)၊ ဒါးပိုင်၊ သက္ကေပြင်၊ မော်သီညာ၊ ခေါင်းဒုက္ကာ၊ ဘာဆာရာ၊သဲချောင်းစုစုပေါင်း IDP စခန်း(၁၂)ခုနှင့် စစ်တွေမြို့နယ်ရှိအမျိုးသားကျောင်း၊ ကရုချောင်း၊ လောသိတာရုံ၊ ဝိဘဇ္ဇဝါဒီ၊ ဗုဒ္ဒေါမော်၊ ဓမ္မရာမ၊ မဟာမုနိဗုဒ္ဓဝိဟာရ၊ နန်းရွှေဂူ၊ မဟာဇေယျသိဒ္ဓိ၊ မဏိရတနာ၊ ဆည်ကြီး၊ အလိုတော်ပြည့်၊ မဟာဝိဇယာရာမ၊ ဆုတောင်းပြည့်၊ ဒက္ခေါင်း၊ မဟာအောင်မြေဘုံ၊ တေဇရာမကမ္မဌာန်း၊ သာသနာ့ဗိမာန်နှင့် မဟာသိမဝံသ ကျောင်းတိုက်များရှိ ယာယီတိုက်ပွဲရှောင်စုရပ်များနှင့် ဘူးသီးတောင်မြို့နယ်ရှိဖုံညိုလိပ် ယာယီတိုက်ပွဲရှောင်စုရပ် စုစုပေါင်း (၂၀)နေရာသို့ သွားရောက်၍ အဝတ် Mask (၂၂၉၃၂)ခု၊ Surgical Mask (၁၁၈)ခု၊ လက်သန့်ဆေးရည် (၅၉)ဗူး၊ ဗီနိုင်း(၉)ချပ်၊ အပူချိန်တိုင်းကိရိယာ(၁)ခု၊ လက်ဆေးစင်(၂)ခု၊ ထုံးအိတ် (၃၂၀)အိတ် တို့အားထောက်ပံ့ခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာပေး လုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်းလုပ်ငန်း များနှင့်စိတ်ဓါတ်ရေးရာမြှင့်တင် ပေးမှုဆိုင်ရာလုပ်ငန်း များကိုနေပြည်တော်ကောင်စီအပါအဝင်တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိကြောင်းသိရှိရပါသည်။

#ar

#npw_may2020

Source: MSWRR

Sign Up

Upcoming Events