COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့တွင် ၀က်လက်မြို့နယ်၊ သခွတ္တောကျေးရွာနှင့် ဘင်တဲကုန်းကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွား စေရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိလိုက်နာဆောင်ရွက်ရန်များနှင့် ‌သွေးလွန်တုပ်ကွေး ကာကွယ်ရေးအသိပညာပေးခြင်းများကို ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အသိပေးဆောင်ရွက်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး၊ မီးဘေး၊ လေဘေး၊ မိုးကြိုးဘေး အသိပညာ‌ပေးလက်ကမ်းစာ‌စောင်ဖြန့်‌ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#sgg_may2020

Source:  ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events