ပေါင်မြို့နယ်၊ လက်ပံတောကျေးရွာအုပ်စု၊ လက်ပံကျွန်းကျေးရွာအုပ်စုနှင့် မှော်ဘီကျေးရွာ အုပ်စုများအတွင်း လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ်၊ လက်ပံတောကျေးရွာအုပ်စု၊ လက်ပံကျွန်းကျေးရွာအုပ်စုနှင့် မှော်ဘီကျေးရွာ အုပ်စုတို့၌ (၁၃-၅-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်ခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ်(၉)လုံးနှင့် အမိုးလန်ခဲ့သည့်နေအိမ်(၁၄)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၆၅၉,၀၀ဝ)ကျပ်၊ ဘေးသင့်လူဦးရေ (၁၀၂) ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂၁၄,၂၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၈၇၃,၂၀ဝ/-)ကျပ်နှင့် ပြိုကျပျက်စီးလူနေအိမ်(၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုး (၃)အိမ်ထောင်စုစာနှင့် ပြိုကျပျက်စီးလူနေအိမ်(၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၆)အိမ်ထောင်စုစာတို့အား မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်တို့နှင့်အတူ (၁၄-၅-၂၀၂၀) ရက်နေ့၊ (၁၇:၀၀) နာရီအချိန်ခန့်တွင် မှော်ဘီကျေးရွာ၌ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mon_may2020
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events