လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့တွင် ငါ့သရောက်မြို့အတွင်းရှိ ကျေးရွာအုပ်စု (၇) စုမှ ရွာပေါင်း (၁၁) ရွာနှင့် ကျောက်ပန်းတောင်းမြို့အတွင်းရှိ ကျေးရွာအုပ်စု (၆) စုမှ ရွာပေါင်း (၁၁) ရွာတို့သို့ သွားရောက်၍ Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များကို ကျေးလက်နေပြည်သူများ ပိုမိုသတိပြုသိရှိနိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)