လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၅.၂၀၂၀)ရက်နေ့ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် ပေါက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ မျှားပိုင်းကျေးရွာအုပ်ချုပ်ရေးမှူး၊ ငမို့ကြီးကျေးရွာအုပ်ချုပ် ရေးမှူး၊ ပျဉ်းခေျာင်းကျေးရွာအုပ်ချုပ်ရေးမှူး၊ ဘုရားတောင်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ညောင်ဝန်းကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့်အတူ ပေါက်မြို့နယ်၊ မျှားပိုင်းကျေးရွာအုပ်စု၊ အုန်းမှင်ကျေးရွာ၊ ထန်းပင်ချောင်းကျေးရွာ၊ ငမို့ကြီးကျေးရွာအုပ်စု၊ ဆင်သေ ကျေးရွာ၊ ကျွန်းပင်စုကျေးရွာ၊ ပျဉ်းချောင်းကျေးရွာအုပ်စု၊ ပျဉ်းခေျာင်းကျေးရွာ၊ အောက်ကျင်းကျေးရွာ၊ ညောင်းဝန်းကျေးရွာ အုပ်စု ညောင်ဝန်း (တ) ကျေးရွာ၊ ညောင်ဝန်း(မ)ကျေးရွာ၊ ဘုရားတောင်ကျေးရွာအုပ်စု၊ ဘုရားတောင်ကျေးရွာ တို့၌ (၁၃.၅.၂၀၂၀) ရက်နေ့၊ ညနေ(၁၆:၄၅)အချိန်နှင့်(၂၀:၀၀)အချိန်တို့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် ပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ (၂၂) လုံး၊ ဘုန်းကြီးကျောင်း (၂) ကျောင်း၊ အိမ်ထောင်စု (၂၃)စုမှ ကျား(၃၉)ဦး၊ မ(၅၁)ဦး၊ စုစုပေါင်း (၉၀)ဦးအား အိမ်ဆောက်ပစ္စည်းဖိုး (၈၅၅၀၀၀/-)ကျပ်၊ ကျောင်းဆောက်ပစ္စည်းဖိုး(၁၃၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၈၉၀၀၀/-) ကျပ်၊ စုစုပေါင်း (၁၁၇၄၀၀၀/-)ကျပ်ကို ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#mgy_may2020

Source:  ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events