လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂.၅-၂၀၂၀)ရက်နေ့တွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ကျောက်ဖူးအုပ်စု(ဒဟ္ဟတန်း၊ ဒန်းကုန်း၊ ထနောင်းကျင်း၊ ကံခြား)၊ ရှမ်းမငယ်အုပ်စု(ညောင်လယ်၊ အတတ်မြင့်၊ ဂါတ်ကုန်း၊ သပြေကုန်း၊ ကံဦး၊ ဝါးရုံစု၊ ဂွေးကုန်း၊ သစ်ဆိမ့်ပင်၊ ချောင်းခွ)၊ အုံတုံအုပ်စု(အုံတုံ၊ ရွာသစ်၊ သီးပင်ခင်)၊ မယ်ဇလီကုန်းအုပ်စု(မယ်ဇလီကုန်း၊တပ်ပိုး၊ ပေပင်ကုန်း၊မြင်းခြံရွာသစ်) ကျေးရွာ(၂ဝ)ရွာသို့ Covid 19 နှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ၊ အရေးယူမှုကိစ္စရပ်များ သိရှိနားလည်လိုက်နာဆောင်ရွက်စေရန် အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mdy_may2020
Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)