လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့တွင် ဟိုပန်မြို့နယ်၊ မုန်းကွန်(ရှမ်း)ကျေးရွာအတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးဟောပြောခြင်း၊ အဓိကသတင်း စကား (၁၀) ချက်အားကြေငြာခြင်း၊ Covid-19 နှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လေပြင်းဘေးနှင့် မုန်တိုင်းဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_may2020
Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)