လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့ (၀၈:၃၀)နာရီချိန်မှ (၁၂:၀၀) နာရီအထိ လေးမျက်နှာမြို့နယ် အတွင်းရှိ ကညင်သောင်အုပ်စု၊ ကုန်းကြီးကျေးရွာ၊ ညောင်ပင်ကွင်းကျေးရွာ၊ ဘုတ်ချောင်းအုပ်စု၊ ဘုတ်ချောင်းကျေးရွာ၊ ထိန်ကျော်ကျေးရွာ၊ ဇီးချောင်းကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် များအား ကျေးရွာနေပြည်သူများအား အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_may2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)