လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်တွင် ဖျာပုံမြို့နယ်၊ မြို့ကုန်းကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာရှိ အိမ်ခြေ (၁၀၈) လုံး၊ အိမ်ထောင်စု (၁၁၆)စု၊ လူဦးရေ(၅၁၂)ဦးတို့အတွက် သောက်သုံးရေ (၉၂၈) ဂါလံကို သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_drg
#ayy_may2020
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)