
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီချိန်မှ နေ့လည်(၁၁:၃၀)နာရီချိန်ထိ မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ ကော့ကရိတ်မြို့၊ နောင်ထပ္ပံကျေးရွာ အုပ်စုအတွင်းရှိ နောင်ထပ္ပံ ကျေးရွာ၊ ထီးဝါစူးကျေးရွာ၊ ခေါဝေါကျေးရွာ၊ ကော့ဆူး ကျေးရွာနှင့် နောင်လံလုံကျေးရွာတို့၌ COVID-19 ကူးစက်မြန်အဆုတ်ရောင်ဂါ ပြန့်ပွားမှု မရှိစေရေး အတွက် ဆောင်ရန်/ရှောင်ရန်တို့အား အသံချဲ့စက်ဖြင့် ကျေးရွာနေပြည်သူများသို့ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#krn_may2020