လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့်ပတ်သက်၍ မြစ်ကြီးနား မြို့နယ်ရှိ လယ်ကုန်းမလိယန်၊ လယ်ကုန်းဗက်လင်၊ လယ်ကုန်းဇီးအုန် IDPs စခန်းများ၌ ဆပ်ပြာ(၁,၇၆၂) ခဲ၊ ထုံး (၃၀) အိတ်၊ လက်သန့်ဆေးရည်(၆၈၆)ဘူး၊ အပူချိန်တိုင်းကိရိယာ(၃)ခု တို့ကို သွားရောက်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)