လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊​ ကြာအင်းဆိပ်​ကြီးမြို့နယ်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုက်ဒုံမြို့နယ်အတွင်းရှိ ဝင်းလုံကျေးရွာနှင့် ကော့ဝါကလေးကျေးရွာတို့၌ (၁၁-၅-၂၀၂၀)ရက်နေ့ (၁၆:၃၀) အချိန်မှစ၍ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၁၃)ဦးတို့အတွက် ဆန်ရိက္ခါ (၇)ရက်စာဖိုးထောက်ပံငွေ (၂၇၃၀၀ိ/-) စုစုပေါင်း(၂၂၇၃၀၀ိ/-)တို့အား (၁၃-၅-၂၀၂၀)ရက်နေ့တွင် ကျိုက်ဒုံ​မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ​ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#kyn_may2020

Source:       ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events