လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဒီးဒုတ်ကျေးရွာ အုပ်စု၊ ဒီးဒုတ်ကျေးရွာ၊ တံခွန်တိုင်ကျေးရွာ၊ ဒါးကကျေးရွာအုပ်စု၊ ပိုက်သောင်ကျေးရွာ၊ ဆိပ်သာကျေးရွာအုပ်စု၊ ထိန်ပင်ကုန်း ကျေးရွာ၊ ဗန်းမော်ချောင်းကျေးရွာ၊ ဘုရားချောင်းကျေးရွာအုပ်စု၊ မန္တလေးကုန်းကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာနှင့် ကျောင်းကုန်း မြို့နယ်၊ ကံကလေးကျေးရွာအုပ်စု၊ ရေမကျီးချောင်ကျေးရွာ၊ လှည်းဆိပ်ကျေးရွာအုပ်စု၊ လှည်းဆိပ်ကျေးရွာ၊ အုန်းပင်စုကျေးရွာ၊ မာလာကွင်းကျေးရွာ၊ ပေါက်ကုန်းကျေးရွာတို့တွင် (၁၂-၅-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၂၂)လုံး၊ အမိုးလန်ပျက်စီးခဲ့သည့်နေအိမ် (၅၁)လုံး၊ စုစုပေါင်း နေအိမ် (၇၃)လုံး၊ အိမ်ထောင်စု (၇၃) စုမှ လူဦးရေ (၃၄၀) ဦးအတွက် (၇၁၁၇၆၆/-)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၂၂)ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၇၁၄၀၀ဝ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၇၅၀၀၀ဝ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၄၆၄၀၀ဝ/-)ကျပ်အား (၁၃-၅-၂၀၂၀) ရက်နေ့ (၁၆:၀၀)နာရီ အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#ayy_may2020
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events