
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့ (၁၄:၃၀)အချိန်၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စု၊ အိုင်ရှည်ကျေးရွာနှင့် ကိုင်းတောကျေးရွာများရှိ ပြိုကျ/ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု(၁)စု ၊ တစ်စိတ်တစ်ပိုင်းပျက်စီး ဆုံးရှုံးခဲ့သည့်အိမ်ထောင်စု (၇)စု၊ စုစုပါင်း အိမ်ခြ(၈)စု၊ အိမ်ထောင်စု(၈)စုတို့မှ လူဦးရေ(၂၈) ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် ပျက်စီးအိမ်ခြေ(၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၃၀၀၀၀ိ/-)၊ လူဦးရေ(၂၈)ဦး အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၅၈၈၀၀ိ/-)၊ စုစုပေါင်း ထောက်ပံ့ဖိုးငွေ(၇၈၈၈၀၀ိ/-)ကျပ်နှင့် ပြိုကျပျက်စီးအိမ်ထောင်စုအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး၊ (၁)စုံအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၁၃-၅-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီချိန်တွင် ဘေးသင့် ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mon_may2020
Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)