လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့၌ ပဲခူး တိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အုန်းနှဲကျေးရွာအုပ်စု ၊ဝါးတောကျေးရွာအုပ်စု၊ နိဗ္ဗာန် ကျေးရွာအုပ်စု၊ သံတံခါးကျေးရွာအုပ်စု၊ ပိုင်ကျုံကျေးရွာအုပ်စု၊ ထဲနန်ကျေးရွာအုပ်စု၊ ဘန်ဒါ ကျေးရွာအုပ်စုနှင့် ဇွဲဘာကျေးရွာအုပ်စုတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှလေဘေးသင့်ပြိုလဲ နေအိမ်(၁၄၂)လုံးနှင့် အမိုးလန်နေအိမ် (၅၂၈) လုံးတို့အတွက် နေအိမ်နှင့် ကျောင်းဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၂၈,၀၇၀,၀၀ဝ/-)ကျပ်၊ ပြိုလဲနေအိမ်(၁၄၂) လုံး ရှိလူဦးရေ(၅၉၆) ဦးတို့အတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုး ထောက်ပံ့ငွေ (၁၂၅၁,၆၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၉ ၃၂၁,၆၀ဝ/-)ကျပ်နှင့် ပြိုလဲနေအိမ်(၁၄၂) လုံးအတွက်ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁၄၂) အိမ်ထောင်စာတို့အား (၁၃-၅-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးခိုင်၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ အ‌ထွေထွေအုပ်ချုပ်‌ရးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြန်ကြားရေးနှင့်ဆက်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါ သည်။

#ha_sgw
#bgo_may2020
Source: ကဝမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events