လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 
ပြည်ထောင်စုယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ထန်းတောကြီးကျေးရွာ၊ ကုန်းရွာကျေးရွာ၊ သံခဲတောင်ကျေးရွာ၊ ဥယာဉ်ကျေးရွာ၊ ဗိုလ်မင်းရောင်ရပ်ကွက်နှင့် အနော်ရထာ ရပ်ကွက်တို့တွင် (၁၁-၅-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ သည့် ပြိုလဲနေအိမ် (၂) လုံးနှင့် အမိုးလန်နေအိမ် (၄၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂,၇၃၇,၅၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၂၀၀) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၀,၀၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၁၅၇,၅၀ဝ/-) ကျပ်နှင့် အိမ်ထောင်စု (၂) စုစာအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၇) မျိုးတို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးနှင့် တပ်ကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀)ရက်နေ့ (၁၅:၃၀) အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#npw_may2020
 
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) နှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events