လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ မထောခူ ကျေးရွာအုပ်စု၊ မထောခူ(အထက်)ကျေးရွာ၊ မထောခူ (အောက်)ကျေးရွာ၊ လောပိတကျေးရွာအုပ်စု၊ လောပိတစံပြ ကျေးရွာ၊ မိုက်ကန်းကျေးရွာ၊ လောကထုကျေးရွာနှင့် လောပိတကျေးရွာ၊ လောဓလေးကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#kyh_may2020
Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ)