လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများသည် (၁၃ -၅-၂၀၂၀) ရက်နေ့ တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ (၁၀/၁၁/၁၂/ ၁၃/၁၄ /၁၆) ရပ်ကွက်၊ ရေဥက္ကံ ကျေးရွာ၊ ကုလားကြီးစုကျေးရွာများတွင် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များအား ရပ်ကွက်များအတွင်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)