လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် မိတ္ထီလာမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ လေဘေးသင့် ပြိုကျအိမ် (၁) လုံး၊ အမိုးလန်အိမ် (၄၁) လုံးတို့ပျက်စီးခဲ့ရာ အဆိုပါဘေးသင့်အိမ်ခြေများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၄၅၅,၈၀ဝ/-) ကျပ်၊ လူဦးရေ (၁၉၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၀၁,၁၀ဝ/-) ကျပ်နှင့် ပြိုကျအိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးတို့ကို (၁၃-၅-၂၀၂၀) ရက်နေ့တွင် ခရိုင်မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#mdy_may2020
Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events