လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀)ရက်နေ့ (၁၇၃၅)အချိန်တွင် ကျောက်တံခါးမြို့နယ်အတွင်းရှိ ကင်းကျေးရွာအုပ်စုနှင့် ဂွေးကုန်းကျေးရွာအုပ်စုတို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်နေအိမ်(၄)လုံးနှင့် ပြိုလဲနေအိမ်(၂)လုံး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၃၀၀၀၀/-)ကျပ်၊ လူဦးရေ(၉)ဦး အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ (၁၈၉၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၄၈၉၀ဝ/-) ကျပ်နှင့်ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုးစာ(၂ )အိမ်ထောင်စာအား (၁၃-၅-၂၀၂၀)ရက်နေ့(၁၁၀၀)နာရီအချိန်တွင် ကျောက်တံခါးမြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် တာဝန်ရှိသူများ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူ့ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_ sgw
#bgo_may2020

Sign Up

Upcoming Events