လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ခိုအွတ်အုပ်စု၊ ဖာငတ်(၈) မိုင်ရွာနှင့် ဟိုနောင်အုပ်စု၊ နောင်ခမ်းကျေးရွာတို့၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် / ပြိုကျ ပျက်စီးသွားခဲ့သော အိမ်ထောင်စု (၁၄) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၁၄၅၀၀၀/-)ကျပ် နှင့် လူဦးရေ ( ၇၇ )ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆၁၇၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၃၀၆၇၀၀/-) ကျပ်တိတိ နှင့် ပြိုကျပျက်စီးသွားသော အိမ်ထောင်စု( ၂ ) စု အတွက် (၁၇) မျိုးပါ ကယ်ဆယ်ရေးပစ္စည်း (၂)ပုံး တို့အား (၁၃-၅-၂၀၂၀) ရက်နေ့၊ ( ၁၁:၀၀) နာရီအချိန်တွင် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။
#ha_sgw
#shn_may2020
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)