လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ နောင်လျဲန်ကျေးရွာတွင် (၁၂-၅-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) အချိန်ခန့်တွင်ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် ‌စုစုပေါင်းနေအိမ်(၃)လုံး၊ လူဦးရေ စုစုပေါင်း(၁၈)ဦး လေဘေးသင့်ခဲ့၍ ဆုံးရှုံးမှုတန်ဖိုးမှာ (၃၀၀,၀၀၀/-)ကျပ်ခန့်ဖြစ်ပြီး အဆိုပါ လေဘေးသင့်အိမ်ထောင်စု စုစုပေါင်း(၃)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၁)ပတ်စာဖိုးထောက်ပံ့ငွေေ(၃၇,၈၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုးတို့အား (၁၃-၅-၂၀၂၀) ရက်နေ့  (၁၁:၃၀) နာရီအချိန်ခန့်တွင် ဘေးသင့်ပြည်သူများ လက်၀ယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#shn_may2020

Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events