မြင်းခြံမြို့နယ်အတွင်းရှိ မီးဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြင်းခြံမြို့နယ်၊ တူရွင်းဘိုကျေးရွာ အုပ်စု၊​​ တူရွင်းဘိုကျေးရွာ၌ (၁၁-၅-၂၀၂၀) ရက်နေ့ (၁၂:၄၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် ဘေးသင့် ​​လုံးဝပျက်စီးအိမ်ခြေ (၆) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၇) စု၊ စုစုပေါင်းလူဦးရေ (၂၆) ဦးတို့​အတွက် အိမ်​ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၇၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၅၄,၆၀၀/-) ကျပ်နှင့်​ ကယ်ဆယ်​ရေးပစ္စည်း (၁၈) မျိုး (၂) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၄) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁) အိမ်ထောင်စာ တို့အား (၁၂-၅-၂၀၂၀) ရက်နေ့တွင်​​ မြင်းခြံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ် ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ​ ​ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fir

#mdy_may2020

Source:  မြင်းခြံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events