လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းမြို့နယ်၊ နမ္မတီးမြို့ရှိ၊ စိန့်ပေါလ်ကက်သလစ် (ညောင်တော) စခန်း၊ မြို့ဦးစိန်ဒေါမနစ် (ညောင်တော) စခန်း၊ လန်ဘရော့ယန် (ဂျာကြိုင်) စခန်း၊ ကံလှဧမာနွေလ IDPs စခန်းများရှိ အိမ်ထောင်စုများအတွက် ဆပ်ပြာ (၁၁၀၁) ခဲ၊ ထုံး (၄၀) အိတ်၊ Memory Stick (၄) ခု၊ Hand Speaker (၄) ခု၊ Mask (၂၂၀၂) ခု၊ လက်သန့်ဆေးရေ (၆၅) ဘူး၊ ဘေစင် (၄) ခု၊ ဗွီနိုင်းပိုစတာ (၄) ခု၊ အပူချိန်တိုင်းကိရိယာ (၇) ခုတို့အား (၁၁-၅-၂၀၂၀) ရက်နေ့တွင် သွားရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#kcn_may2020
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)