
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့တွင် မင်းဘူး (စကု)မြို့နယ်၊ တောင်မန်းကျေးရွာ၊ အင်ပင်လှကျေးရွာ၊ ရိုးကြီးကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာ၊ သင်္ဘောကျွန်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ရွာသာယာကျေးရွာနှင့် ဆိုင်ရှင်ကျေးရွာများအတွင်း Covid-19ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို ခရိုင်မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ အသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#mgy_may2020