
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀)ရက်နေ့တွင် ကဝမြို့နယ်၊ သက္ကလမြို့၊ ကန်တော်မင်္ဂလာရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ စျေးကြီးရပ်ကွက်၊ ဘူတာရပ်ကွက်၊ မြို့မစံပြရပ်ကွက်၊ ရွှေပြည်အေးရပ်ကွက်တို့တွင် Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူအသိပညာပေးပန်ကြားချက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လက်ကမ်းစာစောင်များအား အသိပညာပေးလှည့်လည်ဟောပြောမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကဝမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#bgo_may2020