လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့ (၀၈:၃၀)နာရီချိန်မှ (၁၂:၀၀) နာရီထိ လေးမျက်နှာမြို့နယ်အတွင်းရှိ အိုင်သပြုအုပ်စု၊ ချောင်းစု(ခ)မန်းချောင်းရွာ၊ ကုန်းကလေးရွာ၊ ကျောင်းကြီးကုန်းရွာ၊ ဈေးကလေးရွာ၊ ကွင်းမကျောင်းစုရွာ၊ ကွင်းမတာလေးရွာ၊ ဝက်ဆင်းအိုင်ရွာ၊ ရွာသစ်ကုန်းရွာ၊ ဗောဓိကုန်းရွာ၊ အညာတန်းရွာ၊ လက်သမား(ခ)ရွှေဘိုစုရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွားလျက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် များအား ရပ်ကွက်/ကျေးရွာနေပြည်သူများအား အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_may2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)