COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရေစကြို​​မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ​ရက်​​နေ့တွင် (၀၇:၃၀) နာရီမှစတင်၍ (၁၂:၀၀)  နာရီအချိန်ထိ ရေစ​ကြို​မြို့​နယ်၊ ​​အောင်ပန်းချောင်းကျေးရွာအုပ်စု၊​​​​ အောင်ပန်း ချောင်းကျေးရွာ၊ နွယ်နီကျေးရွာအုပ်စု၊​​ နွယ်နီကျေးရွာနှင့် နွယ်နီကျွန်းကျေးရွာတို့တွင် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ပူးပေါင်းကာ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရန်များကို လော်စပီကာဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#mgy_may2020

Source:  ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events