လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့၊ နံနက် (၀၇:၀၀) အချိန်မှ (၁၀:၀၀) အချိန်အထိ ဆိပ်ဖြူမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များဖြစ်သော ယောဝရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်တို့တွင် လှည့်လည်၍ covid 19 ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
#ar
#mgy_may2020
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)