လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီမှ (၁၁:၀၀) နာရီအချိန်ထိ ဖာပွန်မြို့နယ်ရှိ ဆင်စွယ်ကျေးရွာ၊ ဖာလုံကျေးရွာ၊ ဘလဲ့ပုံကျေးရွာ၊ နို့ဂေါ် ကျေးရွာနှင့် ဝါးဖိုးကုလားကျေးရွာ တို့တွင် COVID – 19 ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် အသံချဲ့စက်ဖြင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#krn_may2020
Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး(ဘစမ)