မြစ်ကြီးနားမြို့နယ်ရှိ၊ ဒူကထောင်နယ်မြေ(၄)၊ နယ်မြေ(၅)၊ နယ်မြေ(၁၄)၊ တပ်ကုန်းဂါလိလဲနှင့် တပ်ကုန်းဧမာနွေလ IDPs စခန်းများသို့ COVID-19 ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်များဆောင်ရွက်နိုင်ရန် လိုအပ်သည့်ပစ္စည်းများ ပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၀) ရက်နေ့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ ဒူကထောင်နယ်မြေ(၄)၊ နယ်မြေ(၅)၊ နယ်မြေ(၁၄)၊ တပ်ကုန်းဂါလိလဲနှင့် တပ်ကုန်းဧမာနွေလ IDPs စခန်းများရှိ အိမ်ထောင်စု(၇၁)စု လူဦးရေ(၃၈၄)ဦးအတွက် ဆပ်ပြာခဲ(၃၈၄)ခဲ၊ အပူချိန်တိုင်းကိရိယာ(၅)ခုနှင့် (၁)စခန်းလျှင် ထုံးအိတ်(၁၀)အိတ်နှုန်းဖြင့် ထုံးအိတ်(၅၀)အိတ်တို့အား သွားရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#kcn_may2020
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events