COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀) ရက်နေ့တွင် Covid 19 နှင်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ အရေးယူမှုကိစ္စရပ်များ သိရှိနားလည်လိုက်နာဆောင်ရွက်စေရန် အသိပညာပေးခြင်းများကို မိတ္ထီလာမြို့နယ်အတွင်းရှိ သရက်ပင်အုပ်စု (သရက်ပင်အရှေ့၊ သရက်ပင်အနောက်၊ ဆပ်ပြာကျင်း၊ အိုင်ကုန်း၊ ကျင်းသာအိုင်)၊ မြောက်လည်အုပ်စု(ထိန်ကန်၊ သိမ်ကုန်း၊ သရက်တန်း၊ ကြိုးစု၊ ဂွေးကုန်း၊ အိုးအိုင်ကုန်း၊ ထိန်လည်၊ ရေငံအနောက်)နှင့် ကြွယ်ကန်အုပ်စု(ညောင်အိုင်၊ မကျီးကုန်း၊ ထနောင်းအိုင်၊ သခွတ်ကုန်း၊ ကြွယ်ကန်၊ သက္ကယ်ကျင်း၊ ညောင်ပင်သာတောင်၊ ညောင်ပင်သာမြောက်)ကေျးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#mdy_may2020
Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events