COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

 
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀)ရက်နေ့၊ ညနေ (၁၈:၀၀) နာရီ အချိန်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြောင်းမြခရိုင်၊ မြောင်းမြ မြို့နယ်၊ ရွှေဂုံတိုင်ရပ်ကွက်၊ တာဝတိံသာရပ်ကွက်၊ကိုပိတ်ကုန်းရပ်ကွက် ရွှေလားကုန်းရပ်ကွက်၊ ဇောင်းဝါးပင်ဆိပ်ရပ်ကွက်၊ အရှေ့စံပြရပ်ကွက်၊ အနောက်စံပြရပ်ကွက်၊ စမ်းချောင်းရပ်ကွက်၊ မဟာစည် ရပ်ကွက် တို့တွင် လက်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တို့အား ကျေးရွာနေပြည်သူတို့အား အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#ayy_may2020
 
 
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events