လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ လူငယ်လုပ်ငန်းအဖွဲ့တို့နှင့်ပူးပေါင်း ကာ (၉-၅-၂၀၂၀) ရက်နေ့ (၀၉:၃၀) အချိန်တွင် ရေစကြိုမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စု၊ ကျောက္ကာကျေးရွာရှိ အိမ်ခြေ (၄၀) လုံး၊ အိမ်ထောင်စု (၅၃)စု၊ လူဦးရေ(၂၀၄)ဦးတို့အတွက် သောက်သုံးရေဂါလံ (၃,၆၀၀)အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)