COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၂၀) ရက်နေ့ နံနက် (၀၈:၃၀) အချိန်မှ နေ့လည် (၁၁:၀၀) နာရီအချိန်ထိ ဘားအံမြို့နယ်အတွင်းရှိ ဖားကပ်ကျေးရွာ၊ ကော့ဂွန်းကျေးရွာ၊ ဝဲကြီးကျေးရွာ၊ ခရဲကျေးရွာနှင့် ကွမ်သင်ကျေးရွာများသို့သွားရောက်၍ COVID -19 ရောဂါပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် အသံချဲ့စက်များဖြင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#krn_may2020

Source:  ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events