လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၂၀)ရက်တွင် ကသာခရိုင်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာအုပ်စု၊ ရေနီကျေးရွာနှင့် ဒုံးအော့ကျေးရွာအုပ်စု၊ ဒုံးအော့ကျေးရွာရှိ အမိုးလန် အိမ်ထောင်စု(၅)စုမှ လူဦးရေ(၃၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆၇၂၀ဝ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၃၂၀၀၀ဝ/-)ကျပ်အား (၇-၅-၂၀၂၀)ရက် (၁၀:၀၀)နာရီတွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#sgg_may2020
Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events