လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၂၀) ရက်နေ့ ၊ (၁၆:၀၀)နာရီတွင် ဖြစ်ပွားသော ရေဦးမြို့နယ်အတွင်း လေပြင်းတိုတ်ခတ်မှုကြောင့် ပလူဇဝ ကျေးရွာနှင့် ကျောက်စာကုန်းကျေးရွာတို့၌ အမိုးအကာပျက်စီးအိမ်ခြေ (၂) လုံးနှင့် ဘုန်းတော် ကြီးကျောင်း (၁) ကျောင်းတို့အတွက် အိမ်ဆောက်/ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၅,၀၀၀/-)နှင့် အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုး ထောက်ပံ့ငွေ (၂၃,၁၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၂၈,၁ဝဝိ/-)ကျပ် တို့အား (၇-၅-၂၀၂၀) ရက်နေ့ (၁၃:၃၀)နာရီတွင် ဘေးသင့် ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_may2020
Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)