လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ရပ်ကွက် (၈) ရပ်ကွက်နှင့်ကျေးရွာ (၁) ရွာတို့တွင် (၆-၅-၂၀၂၀) ရက်နေ့တွင် လေပြင်းတိုက်ခတ် မှုကြောင့် ​ပြိုကျအိမ်ခြေ (၇) လုံး၊ အမိုးလန်အိမ်ခြေ (၁၁၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၄၅၀၀၀၀​) ကျပ်၊ လူဦးရေ (၅၃၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၁၁၅၁၀၀) ကျပ် နှင့် ဒဏ်ရာရ တစ်ဦးထောက်ပံ့ငွေ (၅၀၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၆၁၅၁၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ထောင်စု (၇) စုစာတို့အား (၇-၅-၂၀၂၀) ရက်နေ့ ၊ (၉:၀၀) နာရီ အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူ များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#mgy_may2020

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events