လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၂၀)နေ့ (၁၄:၃၀)အချိန်မှ(၁၄:၃၅)အချိန်အထိ လေးပြင်းတိုက်ခိုက် မှုကြောင့် မော်လိုက်မြို့နယ်၊ နန်းသီကျေးရွာတွင် အိမ်ထောင်စု(၁)စု၊ တောင်တွင်းကျေးရွာတွင် အိမ်ထောင်စု(၃)စု၊ ကြာအင်းကျေးရွာတွင် အိမ်ထောင်စု(၁)စုနှင့် တောင်းအင်ကျေးရွာတွင် အိမ်ထောင်စု(၁)စု အိမ်ထောင်စု စုစုပေါင်း(၆)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၂၅၀၀၀/-)ကျပ်၊ လူဦးရေ(၂၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄၈၃၀၀/-)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ(၂၇၃၃၀၀/-)ကျပ်အား(၇-၅-၂၀၂၀)ရက်နေ့ (၁၄:၁၀)အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#sgg_may2020