လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ် ကျေးရွာအုပ်စု(၂)စု၊ ကျေးရွာ (၃) ရွာတို့တွင် (၆-၅-၂၀၂၀) ရက်နေ့၊ (၁၄:၀၅) နာရီအချိန် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်လူနေအိမ် (၄) လုံး၊ အိမ်ထောင်စု (၄) စု၊ လူဦးရေ (၁၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၁,၅၀၀/-) ကျပ်၊ အိမ်​ဆောက်ပစ္စည်းဖိုးငွေ (၁၂၀,၀၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၅၁,၅၀၀/-) ကျပ်တို့အား (၇-၅-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် သရက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လွှတ်​တော်ကိုယ်စားလှယ်ရှေ့မှောက်တွင် ကျေးရွာအုပ်ချုပ် ရေးမှူး လက်ဝယ်သို့  လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#mgy_may2020

Source:  သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events