လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ထန်းတိုကျေးရွာအုပ်စု၊ မြစ်လှချောင်ကျေးရွာရှိ အိမ်ခြေ (၈၀) လုံး၊ အိမ်ထောင်စု (၉၄)စု၊ လူဦးရေ (၃၉၅) ဦးတို့အတွက် သောက်သုံးရေဂါလံ (၃၆၀၀) အား (၇-၅-၂၀၂၀)ရက်နေ့၊(၀၉:၃၀) အချိန် တွင်၊ ရင်ခွင်မဲ့ကလေးငယ်များလျေှာ့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ လူငယ် လုပ်ငန်းအဖွဲ့တို့နှင့် ပူးပေါင်းကာ သွားရောက်ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်
#ha_drg
#mgy_may2020
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)